ရန်ကုန် မေ ၃၀
၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့အင်းယားကန်တွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ပြည့်စုံလင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက လှေလှော်ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဗိုလ်လုပွဲများ ယှဉ်ပြိုင်နေသည်များကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ အမျိုးသမီး မီတာ-၅၀၀ (၁၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် မွန်ပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းက လည်းကောင်း၊ အမျိုးသား မီတာ-၅၀၀ (၁၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းကလည်းကောင်း၊ အမျိုးသမီး+ အမျိုးသား မီတာ-၅၀၀ (၁၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်လွင်က လည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အမျိုးသမီး+ အမျိုးသား မီတာ-၅၀၀ (၂၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက လည်းကောင်း၊ အမျိုးသမီး မီတာ-၂၀၀ (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က လည်းကောင်း၊ အမျိုးသား မီတာ-၂၀၀ (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း ဒုတိယဆု ရရှိသည့် ဧရာဝတီဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက လည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။
၎င်းနောက် အမျိုးသမီး+ အမျိုးသား မီတာ-၂၀၀ (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက လည်းကောင်း၊ အမျိုးသမီး+ အမျိုးသား မီတာ-၂၀၀ (၂၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က လည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမျိုးသမီးတံခွန်စိုက်ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းက လည်းကောင်း၊ စုပေါင်းတံခွန်စိုက် ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ကြပြီး အဆိုပါလှေလှော်ပြိုင်ပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှအသင်း ပေါင်း (၁၂)သင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)