ဗဟန်း မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမြသန်းတင့် ရေးသားသည့် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးရာတွင် Book Club ဥက္ကဋ္ဌ ဦးဟိန်းဇေက မုဒိတာစကားများ ပြောကြားခဲ့ပြီး စာရေးဆရာမြသန်းတင့်၏ ကိုယ်ရေးအထုပ္ပတ္တိကို ဖတ်ကြားကာ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် စာအုပ်နှင့်ပတ်သတ်ပြီး ဦးတည်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ် Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ဆရာမများက စာရေးဆရာမြသန်းတင့် ရေးသားသည့် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေးနှိုင်းယှဥ်ကာ ပြန်လည်ဆွေးနွေးခဲ့ပြီး၊ မြို့နယ် Book Club ဥက္ကဋ္ဌ ဦးဟိန်းဇေက ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် စာအုပ်၏ အနှစ်သာရများအား ပြန်လည်သုံးသပ်ဆွေးနွေးကာ စာဖတ်ဝိုင်းဆွေးနွေးမှုအား ရုပ်သိမ်းပြီး နံရံကပ်စာစောင်များကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)