အလုံခရိုင်၊ အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အလုံ မေ ၃၀

အလုံခရိုင်၊ အလုံမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မိတ်ဆက်အဖွင့် အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လမ်းညွှန်မှာကြားချက်များအား ချပြရှင်းလင်းခြင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား မကြာမီအချိန်တွင် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ထားရန်၊ ဌာနဆိုင်ရာများမှ မိမိတို့ဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်​နေမှုများ၊ ဌာနဆိုင်ရာများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ထူးခြားဖြစ်စဉ်များ ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ တင်ပြနိုင်ရေး၊ အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)