တွံတေး မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌဦးခင်မောင်မြင့်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်ဝစွာဖြင့် ပြီးမြောက်စေရန်၊ လုပ်ငန်းလျာထားချက်များအတိုင်းဆောင်ရွက်ရန်၊ ယခင်နှစ် GDP ၏ အားနည်းချက်၊ အားသာချက်များကို နမူနာယူ၍ ပြုပြင်ဆောင်ရွက်သွားရန် နိုင်ငံတော်၏ရည်မှန်းချက်တာဝန်များကို အလေးအနက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များအား မြို့နယ်ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်မှ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်း ချက်တာဝန်များအား အသီးသီးတာဝန် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်းသိရသည်။
မျိုးလှိုင်