သုံးခွ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ(၂၁.၁၅)သန်းဖြင့် အောင်သာဒါန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်မော်မော်မျိုးက အဆိုပါလမ်းအား ရေရှည်တည်တန့်ခိုင်မြဲစေရေးအတွက် အရည်အသွေးပြည့်မီစွာဆောင်ရွက်ပေးကြပါရန်နှင့် ကျေးရွာနေပြည်သူများက ဝိုင်း၀န်းထိန်းသိမ်းကြရန်မှာကြားခဲ့သည်။ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ရာတွင် အလျား ၇၂၀ ပေ ၊ အနံ ၈ ပေ ၊ဒု ၆ လက်မဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းကြောင့် အောင်သာဒါန်းကျေးရွာရှိ အိမ်ခြေ (၂၉၇)မှ လူဦးရေ(၁၁၅၃)ဦးတို့ ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်ပြီး ဘာသာရေးသာသနာရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စိတ်ကြည်နူးပျော်ရွှင်ချမ်းမြေ့ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများလည်း အဆင်ပြေစွာ သွားနိုင်တော့မည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများ၏ ဝမ်းသာပိတိစကားသံကိုလည်းကြားသိရသည်။
စည်သူလင်း(ပြန်/ဆက်)