ဒလမြို့နယ်တွင် ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ဒလ မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်ရှိ ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အောင်တော်မူကျောင်းတိုက်အတွင်းရှိ မိဘဂုဏ်ကျောင်းဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သံဃာတော် (၅)ပါး၊  ကျား (၆၈) ဦး၊ မ (၉၅) ဦး စုစုပေါင်း (၁၆၈)ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ‌ရောဂါ၊ ကလေးရောဂါ၊ အရိုး၊ အကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူး ပြည့်ဖြိုးဟန်၊ အဖွဲ့၀င်(၂) ဦးရွှေလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးထွန်း၊ မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်း၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍‌‌ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားပြီး အောင်တော်မူကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်၀တ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဒေသခံပြည်သူများကို ယနေ့ နေလယ် ၂ နာရီခွဲအချိန်ထိ ဆက်လက် ဆေးကုသ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန် /ဆက်)