ဗဟန်းမြို့နယ်၌သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ‌ဆောင်ရွက်

ဗဟန်း  မေ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီ မှစတင်ကာကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး တောင်ရပ်ကွက်အတွင်းသွေးလွန်တုပ်ကွေး‌ ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း‌‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်သည်။

ဦးစွာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ပိုးလောက်လန်းရှိသည့်ရေများအား လဲလှယ်ပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး ဓာတ်ဆားထုပ်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့‌ ဆောင်ရွက်ရာတွင်မြို့နယ်‌ ထွေအုပ်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေး၊ မြို့နယ်ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)