လှိုင်သာယာ(အရှေ့ပိုင်း) မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် (၁၀) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်ကအဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးပြုလုပ်ရခြင်းနှင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးဦးအောင်လွင်က ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Tdh-L အဖွဲ့စီမံချက်မိတ်ဆက်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်း၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း အလုပ်အကိုင်အခွင့်အရေးများနှင့် သင်တန်းများပေးပို့ကို စီမံချက်မန်နေဂျာနှင့် ဝန်ထမ်းများမှ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)