မိတ္ထီလာ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ရန်မျိုးအောင်)တွင် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက် ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စီစဉ်ကျင်းပသော အဆိုပါစုပေါင်းသစ်ပင်စိုက် ပျိုးပွဲအခမ်းအနားတွင် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာစေရေးအတွက် စိန်ပန်းနှင့် သပြေဘူတ သစ်ပင်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာနှင့် ဝန်ထမ်းများ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးရဲလွင်၊ ကျောင်းအုပ်ဒေါ်ယဉ်မာကိုလေးနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ချမ်းသာ