ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ လက်ခံ

ဝမ်းတွင်း မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ ခုနှစ် မေလ(၂၂)ရက်နေ့မှ စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို လက်ခံပေးလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံခြင်းများကိုလက်ခံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၇၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၁၈၁)ကျောင်းရှိရာ ၂၀၂၅ခုနှစ် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်အပ်များ လက်ခံပေးလျက်ရှိသည်။

မြို့နယ်ပြန်/ဆက်