လဲချား မေ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ဓာတ်အားလိုင်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသူရိန်ဦးဆောင်၍ မီးသတ်သတ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက် (၄)ရက်ကွက်အတွက် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဆက်သွယ်ရေးများပြတ်တောက်မှုမရှိရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)