မိုင်းနောင်မြို့တွင် ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းနောင် မေ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး၏ဇနီးအမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ရီမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းမီးက ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးအကြောင်း ဟောပြောကာ အထက်တန်းသူနာပြု ဒေါ်နန်းမိညိုမှ အမျိုးသမီးငယ်များနှင့် ကူးစက်ရောဂါများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်မှုသည် ကျေးလက်နေအမျိုးသမီးငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာများမှ အမျိုးသမီးများ၊ မြို့ပေါ် (၅)ရပ်ကွက်မှ အမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)