ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဒလ  မေ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်း အပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊‌ ကျောင်းသူများက ကျောင်းအပ်နှံရေး သီတင်းပတ်သီချင်းဖြင့်သီဆို ဖျော်ဖြေ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူး ပြည့်ဖြိုးဟန်မှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ပညာရေး၀န်ကြီးဌာနမှ ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့်ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့်တာ၀န်ရှိသူများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက်  အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းသီချင်း၊  အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊‌ ကျောင်းသူများက မြန်မာ့‌ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကာအခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေး‌နေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းမာနှင့် ကျောင်းအုပ်ဆရာ၊ဆရာမများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မိမြို့ဖများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)