မှော်ဘီမြို့နယ်၌အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ ပြုလုပ်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မှော်ဘီ  မေ  ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ် ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများအား ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက် ပိုင်းက မှော်ဘီမြို့နယ်ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုလဝကမှူးဦးသန်းထွန်းအောင်၊ ဒုလဝကမှူး ဒေါ်အေးအေးထွေး၊ လ/ထလဝကမှူး ဦးသက်မျိုးထက်နှင့် ဝန်ထမ်းများကျေးရွာအုပ်စုများသို့ လည်းကောင်း ဒု-လဝကမှူး ဆွေလှိုင်ဝင်းနှင့်ဝန်ထမ်းများက မြောင်းတကာကျေးရွာအုပ်စု၊ မြောင်းတကာနှင့် ရိုးကြီးကျေးရွာနေ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် (အမတ )မှ နိုင်ကတ်လှဲလှယ် ရန်ကျန်ရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့်အသက် (၇၀)နှစ် အထက်အတည်ပြုရန်ကျန်ရှိသူများအား စိစစ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားထုတ်ပေးခြင်းလုပ်ငန်းများ၊ Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး ​မှော်ဘီမြို့နယ်ဦးစီးမှူးရုံး၌ EID-server ရှိအထစနှင့်ရုံးလက်ခံ အထစတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရရှိကြောင်း သိရသည်။

ဆက်လက်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း စိစစ်ဆောင်ရွက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဝင်းဇော်