မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

မဟာအောင်မြေ မေ ၂၈

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ဟောပြောရာ အလုပ်လုပ်သော ကလေးသူငယ်များဆိုသည်မှာ အလုပ်လုပ်ကိုင်သည့် အသက်(၁၈)နှစ် မပြည့်သေးသူများကို ဆိုလိုပြီး တည်ဆဲဥပဒေများပါ သတ်မှတ်ချက်ရှိ အနိမ့်ဆုံးအသက်အထက်ရှိ တရားဝင် အလုပ်လုပ်ကိုင်လျက်ရှိသည့် လူငယ်များလည်း ပါဝင်‌ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးသည် အလွန်အရေးကြီးကြောင်း၊ မိဘတွေရဲ့ အိမ်ထောင်ရေး၊ စီးပွား‌ရေးသည် အရေးကြီးကြောင်း၊ ကလေးတွေကို အမြတ်ထုတ် စီးပွားရေးသမားတွေ တန်ရာတန်ကြေးမပေးဘဲ ခိုင်းစေနေမှုများ ပပျောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်ကြောင်း၊ တိုင်းပြည်ရဲ့အနာဂတ်မှာ မျိုးဆက်သစ် လူငယ်တွေ၊ တန်းဖိုးရှိတဲ့လူငယ်တွေ မဆုံးရှုံးစေဖို့၊ ကလေးအလုပ်သမားပြဿနာကို သတိကြီးစွာ ထားရှိဖို့၊ အစိုးရနှင့် လူအဖွဲ့အစည်းတစ်ရပ်လုံးမှာလည်း တာဝန်ရှိပြီး အားလုံးပူးပေါင်းမယ်ဆိုရင် ကလေးအလုပ်သမား ပပျောက်ပြီး အဆိုပါလုပ်ငန်းစဉ်သည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲ တက်ရောက်လာသူများက ပြသထားသော နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း(ပြန်/ဆက်)