ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ချမ်းအေးသာစံ မေ ၂၈

ချမ်းအေးသာစံမြို့နယ်၊ ကဥ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃၃၄ လမ်းကြားရှိ ဒေါ်လင်းလင်းကြွယ်၊ ပိုင်ဆိုင်သော Cow Boy Bar တွင် မေလ ၂၈ ရက် နံနက် (၉း၅၀) နာရီတွင်  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုကို တိုင်းမီးသတ်ဦးစီးဌာနမှုး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ သန္တေမီးသတ် ၃၀ ဦး၊ အရံမီးသတ် ၄၀ ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မီးငြိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၃ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ (၁၀း၁၅) နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှူကြောင့် Cow Boy Bar ဝန်ထမ်း (၄) ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ အထက်ပါမီးလောင်မှုဖြစ်စဥ်အား စိစစ်မေးမြန်းခဲ့ရာ အဆိုပါ Cow Boy Bar သည် ငလျင်လှုပ်ခန်မှုကြောင့် အဆောက်အဦး ထိခိုက်ပျက်ဆီးမှုများအား ပြင်ဆင်လျက်ရှိရာ ဆိုင်အတွင်းရှိ အဆောက်အဦးသံတိုင်များအား ဝရိန်ဆော်ခြင်းလုပ်ငန်း ဆောင် ရွက်လျက်ရှိရာမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ချမ်းမြေ့မောင်