ပင်းတယ မေ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)၊ (Community Centre)ခန်းမ၌ ယမန်နေ့က Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။
ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာကပ္ပတိန်သာစိန်ရေးသားသည့် “ဘဝခရီးသွား လူငယ်များသို့” စာအုပ်ပါအကြောင်းအရာများအနက်မှ “လူငယ်သို့အမြင်နှင့် ဘဝမျှော်မှန်းချက်လမ်းကြောင်းရေးဆွဲနိုင်ပါစေ”၊ “ပညာရှိ ပညာမဲ့ ခွဲခြားပါ၊ မိတ်ကောင်းရှာပါ”၊ “မူးယစ်ဆေးဝါးအန္တရာယ်များ ရှောင်ရှားနိုင်ပါစေ”အကြောင်းအရာများကို ဖတ်ရှုခဲ့ကြ၍ Book Club ဝင်များက အဆိုပါစာအုပ်တွင်ပါဝင်သည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ယခုစာအုပ်သည် လူငယ်လူရွယ်များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)