ရန်ကုန် မေ ၂၇
သန်လျင်ခရိုင် သန်လျင်မြို့နယ် အခြေခံပညာကျောင်းများအား လာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရွှင်လန်းစွာ ပညာသင်ကြားနိုင်ရေး၊ ခြင်မှပေါက်ဖွားသော နောက်ဆက်တွဲရောဂါများ မဖြစ်ပေါ်စေရေးအတွက် ရေကန်များ၌ အဘိတ်ဆေးခပ်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖေါ်ခြင်း၊ ခြင်ဆေးဖြန့်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)