တွံတေး​မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်း ဆောင်ရွက်

တွံ​တေး မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမစုရပ်တွင် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဆေးထိုးစုရပ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန့်ကြားရေးမှူး ဒေါက်တာမျိုးဇော်လှဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ယနေ့မှစ၍ နံနက် ၉ နာရီမှ နေလယ် ၂ နာရီအထိ အသက်(၁၈)နှစ်အထက် ပြည်သူများကို ပထမအကြိမ်နှင့် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးကာလ(၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးလှိုင်