ဇေယျာသီရိ မေ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြိူ့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ဇေယျာသီရိခရိုင် ပညာရေးမှူးရုံးမှ ဒုတိယခရိုင်ပညာရေးမှူး ဦးကျော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ (အခမဲ့) ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား ပေးအပ်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများက လက်ခံရယူခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)