ပင်းတယမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပင်းတယ မေ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပထမပိုင်းအစီအစဉ်အား အမှတ်()အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်များအား အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများကဘက်စုံပညာကိုရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်သည် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးလှုံ့ဆော်ပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ပံ့ပိုးသော ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပေးအပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူးက လက်ခံရယူခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေါ်ခင်စန္ဒာစိုးမိသားစုမှ အလှူငွေများပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Clean and Green အမျိုးသားအဆင့် တတိယဆု၊ ပြည်နယ်အဆင့် ပထမဆုရရှိသည့် ရွာငံမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ဘုရားကြီးကုန်း)နှင့် ဒေသဂုဏ်ဆောင်လူရည်ချွန်ကျောင်းသူ ()ဦးတို့အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပင်းတယမြို့နယ်ဝန်ထမ်းပေါင်းစုံမြသုခငွေစုငွေချေး သမဝါယမအသင်းနှင့် ပင်းတယမြို့နယ်၊ ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်း ဂျီအီးစီတို့မှ အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အ..က(ပင်းတယ)မှ ကျောင်းသား/ကျောင်းသူလေးများကပန်းကလေးများရဲ့ ဥယျာဉ်မှူးသီချင်းဖြင့်လည်းကောင်း၊ အ..က(ကြိုသက်)မှ ကျောင်းသား/ကျောင်းသူများကပြည်မြန်မာသီချင်းဖြင့်လည်းကျောင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့သည့် ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)