ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရွှေပြည်သာ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယနေ့‌နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးမှုတ်ခြင်းနှင့် ဖုံးသွန်လဲစစ်လုပ်ငန်းများကို ရွှေပြည်သာမြို့နယ်၊‌ ဒ/၁၇ ရပ်ကွက်တွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အမျိုးသမီး‌ရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များက ပူးပေါင်း၍ အသိပညာ‌ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)