ကွန်ဟိန်းမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကွန်ဟိန်း မေ ၂၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ အခြေခံပညာထက်တန်းကျောင်း(ကွန်ဟိန်း)မှ အထက်တန်းကျောင်းသား/သူများမှ “ကျောင်းအပ်ကြစို့” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က ကျောင်းအပ်နှံရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်တို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံး ပစ္စည်းများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ကြပြီး “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ခွန်ရဲထွေး