ညောင်ဦး မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်း၍ နွေရာသီစစ်တုရင် သင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညောင်ဦးခရိုင် လူထုအခြေပြဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက နွေရာသီစစ်တုရင်သင်တန်း ဖွင့်လှစ်ခဲ့မှုနှင့် စစ်တုရင်သင်တန်းဆင်းပွဲ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရခြင်း ရည်ရွယ်ချက်အား ပြောကြားသည်။ ထို့နောက် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်နှင့် ဆုရရှိသူများအား ဆုချီးမြှင့်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်လက်ရွေးစင် ဦးမင်းခိုင်ဦးအား ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်မှူး ဒေါ်ညိုညိုထွေးက ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် အလှူရှင်များက စစ်တုရင်အားကစားဝတ်စုံများ ပေးအပ်ခဲ့ကာ စစ်တုရင်အားကစားဝတ်စုံအလှူရှင်များအား ဂုတ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရကာ စစ်တုရင်သင်တန်းအား သုံးလသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း (ပြန်/ဆက်)