ညောင်ဦးခရိုင်၌ တောင်သူများ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်

ညောင်ဦး မေ ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက်တောင်သူများ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်က နည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

တောင်သူများ (မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက် တောင်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက (မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်းတိုးတက်ရေးအတွက် မေးမြန်းသည်များ ပြန်လည်ဖြေကြားဆွေးနွေးသည်။

အဆိုပါခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းကျေးလက်တောင်သူသင်တန်းသား/ သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဒီပါလင်း