တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျူးမြို့နှင့် ရှင်ကျင့်မြို့များသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ

ရန်ကုန် မေ ၂

၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျူးမြို့နှင့် ရှင်ကျင့်မြို့များသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်(၁၀)ဦးတို့သည် ယမန်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။

အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့ကို အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)