မိုင်းခတ်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

မိုင်းခတ် မေ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းယန်း သွားလမ်းနမ့်ဟူးရေထွက်အနီးရှိ စိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေး၊ ကျိုင်းတုံမြို့နယ် သစ်‌တောဦးစီးဌာန ဦးစီးအရာရှိ ဦးနောဆာဝူ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဝါဝါမောင်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များနှင့် ကျေးရွာတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား (၁၂၀) ဦးတို့က မဲဇလီ(၁၅၀)၊ ကျွန်း(၅၀)၊ ချယ်ရီ(၅၀)၊ ထင်းရှူး(၅၀)ပျိုးပင်စုစုပေါင်း (၃၀၀) ပင်တို့ကို‌ စုပေါင်းစိုက်ပျိုးခဲ့ကြကာ မိုင်းခတ်မြို့နယ်တွင် ယခုနှစ်မိုးရာသီအတွင်း ပျိုးပင်ပေါင်း(၂၀၀၀၀)ကို ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနတောအုပ် ဦးအောင်မိုးထွေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)