မှော်ဘီမြို့နယ်တွင် ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးနှင့် HIV ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မှော်ဘီ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ပြည်သူများ ငှက်ဖျားရောဂါကင်ဝေးစေရေးနှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးနှင့် HIV ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က မှော်ဘီမြို့ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းက ငှက်ဖျားရောဂါဖြစ်ပွားမှုမရှိစေရေး ပတ်သက်၍ ပြောကြားရာတွင် ရပ်ဝေးမှ ရောက်ရှိလာသူများအား ငှက်ဖျားရောပိုးရှိ မရှိအားငှက်ဖျားရောဂါပိုးစစ်ဆေးသည့် RDT ငှက်ဖျားသွေးစစ်ကိရိယာဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက ငှက်ဖျားဆေးများ ဖြန့်ဝေပေးလျက်ရှိပါကြောင်း သိရသည်။

အခမ်းအနားသို့ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး HIV ရောဂါကာကွယ်ရေးကုသနှင့် ပတ်သက်ပြီး အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်း ကအဖွင့်အမှာစကားပြောကြားပြီး ဦးစီအရာရှိ ဒေါအေးအေးမော်က HIV ရောဂါနှင့် ပတ်သက်၍ ရှောင်ရှားရမည့် အချက်များကိုလည်းကောင်း HIV ရောဂါနှင့် ပိုးရှိမရှိအားလည်း Determine Test Kit (HIV) ပိုး သွေးစစ်ကိရိယာများဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရောဂါပိုးအားအဆင့်ဆင့် စစ်ဆေး၍ အမှန်တကယ်တွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိပါက HIV ရောဂါသောက်ဆေး Art ဆေးများအား အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ KTV တို့မှ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)