ရန်ကုန် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ရဲဘော်(၃)လမ်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတည်ထောင်သူ ပဓာနနာယကဆရာတော် ဘဒ္ဒန္တစက္ကိန္ဒသီတင်းသုံးတော်မူသည့် ဓမ္မပီယကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးမူလတန်း လွန်ကျောင်းဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မပီယဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက်ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဂေါသိတကသြဝါဒစကားများ မြွက်ကြားခဲ့ပြီး ကျောင်းဆိုင်းဘုတ်ကို ဓမ္မပီယကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ဂေါသိတ၊ ဒုတိယကျောင်းအုပ်ဆရာတော်
ဘဒ္ဒန္တဓမ္မပီယ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းဆိုင်းဘုတ်ကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မပီယဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဂေါသိတနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများက ကျောင်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်