ဇမ္ဗူသီရိမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး တတိယအကြိမ်စတင် တိုက်ကျွေး

ဇမ္ဗူသီရိ  မေ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား မိုးရာသီတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးအား ယမန်နေ့ နံနက်ပိုင်းက ဆေးတိုက်စုရပ်များဖြစ်သည့် စည်ပင်ဧည့်ရိပ်သာ (၁)၊ စည်ပင်ဧည့်ရိပ်သာ (၂)နှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်( ၅၀)ဆံ့ဆေးရုံတွင် တတိယအကြိမ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးအား တိုက်ကျွေးလျက်ရှိရာ ယခုအခါ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တတိယအကြိမ်အဖြစ် မေလ ၂၆ မှ ၃၀ ရက်‌အထိ တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။

တင့်ဖူးခိုင် (ပြန်/ဆက်)