ပင်းတယ မေ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းဆောင်ရွက်မည့် အသေးစား အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် ရွာငံမြို့နယ်၊ ကျောက်ပုံကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ပထမအကြိမ်အဖြစ် မေလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျွမ်းကျင်နည်းပြများဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သူ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)