မြစ်ကြီးနား မေ ၂၇
မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ်စာကြည့် တိုက်များဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အများပြည်သူ အသိပညာ ဗဟုသုတတိုးပွာလာစေရန်ရည်ရွယ်၍ အတွေးရသစာဖတ်ဝိုင်းကို မြစ်ကြီးနားမြို့ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေမြှာလှဝင်းဆွေက စာရေးဆရာမောင်သာချိုရေးသားသည့် “သမီးဖတ်ဖို့နှလုံးသားရှုမျှော်ခင်းများ” စာအုပ်မှ “တစ်လောကလုံးရယ်ချင် ရယ်ကြလည်း သမီးကတော့ငို” ခေါင်းစဉ်ဖြင့် အတွေးရသစာဖတ် ဝိုင်းကိုကျင်းပခဲ့ကြောင်းနှင့် အတွေးရသစာဖတ်ဝိုင်းကို မြို့နယ်စာရေးဆရာအသင်းမှ စာရေး ဆရာများက အပတ်စဉ် ကျင်းပရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)