တံတားမြို့အတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တံတား မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ အောင်သီရိမြို့မစျေးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု အထူးသဖြင့် အဆိုးရွာဆုံးပုံစံအဖြစ်ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာကာကွယ်ပေးရန်၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ် အကိုင်ရရှိရေးနှင့် အသက်မွေးပညာ‌ကျောင်းများ တက်ရောက်နိုင်ရန်၊ စီမံဆောင်ရွက်ပေးရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီ အချိန်က အခမဲ့သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့သည် ဇွန်လ (၁၂) ရက်နေ့ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးလုပ်သား၏ အကျိုးဆက်များ၊ ကလေးသူငယ်ဆိုင်ရာ မြန်မာနိုင်ငံမှဥပဒေများ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ မြနှင်းသုန်ရေးသားသည့် “သင့်ကြောင့် ကဗျာ၊ ကာတွန်းစသည့် အကြောင်းများပါဝင်သည့် ရွှေရန်ကုန်လက်ကမ်းစာစောင်ရေ (၂၅၀) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ (ပြန်/ဆက်)