တွံတေး မေ ၂၆
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ပညာရတနာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (မြို့မ)မှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စန်းရီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ စာသင်ကျောင်းအလှမ်းဝေးသူများ စာသင်ကျောင်းအတွင်း ရောက်ရှိအောင် စည်းရုံးဆောင်ရွက်နိုင်ရေး၊ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ မှာကြားခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်း၀တ်စုံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်းမူလတန်းမှ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မျိုးလှိုင်