တံတားဦး၊ ဒီဇင်ဘာ ၁၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ရေခါးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နံနက်(၁၀) နာရီက မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ကျေးရွာအရောက် သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ထုတ်ပေးကြောင်းသိရသည် ။
အဆိုပါ စီမံကိန်းချေးငွေထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက ချေးငွေလာရောက်ထုတ်ယူကြသော ပြည်သူများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စနစ်တကျလက်ဆေးစေခြင်း ကိုယ်အပူချိန်တိုင်း တာပေးခြင်း (Mask) တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေ ကွာစနစ်ဖြင့်ထုတ်ပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေ့သည့် ကာလအတွင်း ကျေးလက်နေပြည်သူများ၏ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများထိခိုက်မှု သက်သာစေရန် ရည်ရွယ်ပြီး ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေး ကပြောကြား၍ သိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေများကို တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ရေခါးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၂၁)ဦး ၊ မွေးမြူရေးလုပ်ကိုင်သူ (၁၂၅)ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ(၁၆၀)ဦး စုစုပေါင်း(၄၀၆)ဦးကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၄၆၅)သိန်းအား ထုတ်ချေး ပေးခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူးမှ ဆက်လက်ပြောကြားချက်များအရ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)