ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်လှူဒါန်းပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည်တိုက်အတွက် ရမည်းသင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့  သုတ/ရသ စာအုပ်များ လှူဒါန်းပွဲကိုယနေ့နံနက် ၁၀ နာရီက ရမည်သင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြုလုပ်သည်။

ရမည်းသင်းမြို့နယ်အမျိုးသီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာသန်းစိုးဦးနှင့်အဖွဲ့ဝင်များမှစာအုပ်များကို လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက လက်ခံရယူပြီး ခရိုင် ပြန်/ဆက်ဦးစီးမှူးက ကျေးဇူးတင်စကားပြောသည်။ ရမည်းသင်းမြို့နယ်အမျိုးရေးရာအဖွဲ့မှ အင်းလေးကန်သာ၊ သမီးဖတ်ဖို့နှလုံးသားရှုမျော်ခင်းများ၊ ပျော်ရွှင်ခြင်းရဲ့ လျို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း၊ ကျွန်တော်ဖြတ်သန်းခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ၊ မနေ့ကလရောင်အောက်မှာ၊ အရိုးကျီးပေါင်းရောဂါ ကုထုံးလမ်းညွှန်ကျမ်း၊ အမျိုးသမီးတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ မေတ္တာစမ်းရေမဂ္ဂဇင်း၊ A Day in the life of a Myanmar Childနှင့် အမျိုးသမီးရေးရာမဂ္ဂဇင်းအစရှိသည့် သုတ/ရသစာအုပ်များကို လှူဒါန်းကြောင်းသိရသည်။

ဇော်ဝင်းအောင်