ဟိုမိန်း ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်းရှိ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ဖြစ်မလာစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်စေရေး Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ဟိုမိန်းကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမဒေါ်နန်းလှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ကျေးရွာများသို့ ကွင်းဆင်းပြီး ကျေးလက်နေ ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြစေရန် ကျေးလက်နေပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိရန် Hand Speaker ဖြင့် ကျေးရွာအတွင်း ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)