ဒဂုံမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းနှင့် ကျောင်းအသုံးအ‌ဆောင်ပစ္စည်းများ အခမဲ့ထုတ်ပေး

ဒဂုံ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မေလ (၂၂)ရက်နေ့နံနက် (၉)နာရီမှစတင်၍ ကျောင်းအပ်နှံလက်ခံခြင်းများကို ဆရာ၊ ဆရာမများက စတင်ဆောင်ရွက်ပေး‌နေကြောင်း သိရသည်။

အဆိုပါ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများမှ ကျောင်းအပ်နှံရေးသီတင်းပတ်ကို ၂၀၂၅ ခုနှစ်၊ မေ (၂၂)ရက်နေ့မှ ဇွန် (၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာ ကျောင်းသား၊ ကျောင်းသူများကို စတင်ကျောင်းအပ်လက်ခံခဲ့ရာ မေ (၂၂)ရက်နေ့တွင် ထက်၊ လယ်၊ မူ စုစုပေါင်း (၅၅၀)ဦးရှိပြီး မေ (၂၃)ရက် နေ့တွင် ထက်၊ လယ်၊ မူ စုစုပေါင်း (၁၇၈၁)ဦးတို့ ကျောင်းအပ်နှံလက်ခံပြီးဖြစ်သည်။

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရာ၌ ကျောင်းသား၊ ကျောင်းသူများကို ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို နိုင်ငံတော်အစိုးရမှ (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)