ချမ်းအေးသာစံ မေ ၂၂
ချမ်းအေးသာစံမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁)နေ့အထိ သတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကျောင်းအပ်နှံရေးအခြေအနေများကို မြို့နယ်ပညာရေးမှုးကြီးကြပ်ကော်မတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်စုထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအေးလင်းထွန်း၊ အဖွဲ့ (၂) ဦးဇော်ဖေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီတာဝင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ထွန်း၊ မြို့နယ်စည်ပင် သာယာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းဝင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးဟိန်းဆက်ပိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်