ဗဟန်းမြို့နယ်၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဗဟန်း  မေ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအ​ခြေပြုဗဟိုဌာန၌ လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ကလေးစာဖတ်ခန်း၌စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါ၀င်စားစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများတွင် အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်သူများကိုရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

နေလင်း