ဝမ်းတွင်း မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြိုနယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဝမ်းတွင်းမြို့နယ်ဦးစီးရုံး ယာယီရုံးအဆောက်အဦ Container House တပ်ဆင်နေမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် မိတ္ထီလာခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကျော်တို့သည် ဝမ်းတွင်းမြို့နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိကာ မန္တလေးမြေငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ရုံးအဆောက်အဦအစား ယာယီရုံးအဆောက်အဦးအတွက် Container House တပ်ဆင်ပြီးစီးမှု၊ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ e-ID team လုပ်ငန်းဆောင်ရွက်နေမှု နှင့် Biometric UID( Unique Identification Card) ရိုက်ကူးနေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)