ချမ်းမြသာစည်မြို့နယ်၌ ငလျင်‌ဘေးသင့် ပြည်သူများအား စား‌သောက်ကုန်ပစ္စည်းများ ပေးအပ်

ချမ်းမြသာစည် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုမှာ အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ လူတစ်ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရက် (၃၀) စာ ထောက်ပံ့ခြင်းဖြစ်ပြီး စား‌သောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇံဖြူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့