ပျော်ဘွယ်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပျော်ဘွယ် မေ ၂၂

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မေလ (၂၂) ရက် နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံ ခြင်းကို သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ စတင်ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကစိုးနှင့်အဖွဲ့ဝင်များက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တို့တွင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများအား ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းအပ်လက်ခံရာတွင် KG တန်းမှ G-12 အထိဆောင်ရွက်ပေးလျက်ရှိပြီး ပြဌာန်းစာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ကျောင်းဝတ်စုံ (၁) စုံကိုလည်း အခမဲ့ထောက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)