ရန်ကုန် မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မေလ ၂၀ ရက်နေ့နေ့လယ်အချိန်က စာရေးဆရာကောင်းစံသာရေးသားသော လူငယ်တွေဖတ်ဖို့စာအုပ်ဖြင့် လူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူးဒေါ်စိမ်းလဲ့က စာရေးဆရာကောင်းစံသာ၏စာအုပ်တွင် လူငယ်များအတွက်ရည်ရွယ်ရေးသာထားသည့် လူငယ်တွေအတွက် အကျိုးရှိစေမည့်အကြောင်းအရာများ၊ကိုယ်ရေကိုယ်သွေးတိုးတက်ရေး၊အချိန်ကိုစီမံခန့်ခွဲနိုင်မှု့၊ကျန်းမာရေး၊ လူမှုရေး၊ စာဖတ်ခြင်းဖြင့် စိတ်ကူးစိတ်သန်းရယူနိုင်မှု အစရှိသည်များကို ဆွေးနွေးပြီဖတ်ရှု့ဆွေးနွေးခဲ့ပြီး မောင်မျိုးဟိန်းကျော်က ငွေကြေးစီမံခန့်ခွဲမှုနှင့် အနာဂတ်နည်းပညာများ၏ လက်တွေ့အသုံးချနိုင်မှုဖြင့်လည်းကောင်း၊ တက်ရောက်လာသော လူငယ်များမှလည်း မတူညီသောခေါင်းစဉ်များဖြင့်လည်းကောင်း၊ အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီမှူးဒေါ်စိမ်းလဲ့မှ ဖတ်ရှုဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)