ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် မူလတန်းအဆင့် သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပ

ဥတ္တရသီရိ မေ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း(YGW)မှ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ မူလတန်းအဆင့်သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲများ ကျင်းပရာတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ဆွေဆွေဝင်းက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် ပြပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး မူလတန်းအဆင့်သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲများသို့ တက်ရောက်လာကြသော အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း(YGW)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာများက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)