ပေါင် မေ ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို မေလ ၂၀ ရက်နေ့ နံနက်(၁ဝ)နာရီက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်က တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားရာ တောင်သူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်က မိုးစပါးများ အထွက်နှုန်းတိုးမြင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေါင်မြို့နယ်အတွင်းမိုးစပါး(RS-CS)မျိုးစေ့ထုတ်တောင်သူများ၏ စံပြစိုက်ကွက် ဧက(၅၀) အတွက် ပေါ်ဆန်းရင် RS မျိုးသန့်မျိုးစပါး တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း (၅၀)အား တောင်သူများအား ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းဆင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)