မိုင်းခတ် မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှမင်းနိုင်တို့က လှည့်လည်ကြည့်ရှုကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် KG တန်းမှ Grade-12 အတန်းများအား ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေးလျက်ရှိသည်။
မိုင်းခတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း အလယ်တန်းကျောင်းခွဲ (၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၃)ကျောင်း၊ မူလတန်းကျောင်း (၂၇)ကျောင်း၊ မူလတန်း(ခွဲ) (၁၂)ကျောင်းရှိပြီး စုစုပေါင်း (၄၇)ကျောင်းရှိပြီး ဇွန်လ(၂)ရက်နေ့ တနင်္လာနေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)