လောက်ကိုင်မြို့နယ် ရှောက်ထန်ပါးကျေးရွာတွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်

လောက်ကိုင် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် Health Poverty Action (HPA)  အဖွဲ့နှင့် အတူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့က Home gardening training  တောင်သူနည်း ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  မန်တုံပါးကျေးရွာအုပ်စု၊ ရှောက်ထန်ပါးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုတောင်သူနည်း ပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လွင်က အိမ်ခြံဝန်း စိုက်ပျိုးရေးနည်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး လက်ထောက် ဦးစီးမှူး ဒေါ်မာလာခိုင်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း  GAP  လိုက်နာဆောင်ရွက်ရေး နှင့် လက်ထောက် ဦးစီးမှူး ဦးဇင်မင်းထွန်းက မြေမဲ့ စိုက်ပျိုးရေးနည်းစနစ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေသည့် တောင်သူပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)