ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းနှင့် မိသားစုဝင်များအား အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)