အလုံ ဒီဇင်ဘာ ၁၁
ပြည်သူများအတွက် လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်က အလုံမြို့နယ် ကြက်ခြေနီအသင်းသို့ လူနာတင်ယာဉ်တစ်စီး လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဦးကျင်ရွှေ+ဒေါ် နန်းကေသွယ်၊ ဒေါ်တင်တင်ရီ ၊ ဒေါ်အုန်းအုန်းကြည် ဒေါ်မြသင်းသင်း ၊ ဒေါ်ခင်ခင်ကြည် မိသားစုတို့မှ မိဘများဖြစ်သော ဖခင်ကြီး ဦးကြည်ဟင်းနှင့် မိခင်ကြီး ဒေါ်ကျင်တို့အား ရည်စူး၍ TOYOTA ALPHARD 2006 MODEL အမျိုးအစား လူနာတင်ယာဉ်တစ်စီး လှူဒါန်းခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်း ၊ ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနေဝင်းထွန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို